ထိုင်းမြန်မာ ပူးပေါင်းကြံစည်ပြီး ဗုံးကြဲတိုက်ခဲ့တာလားဟု ထိုင်းနိုင်ငံရေးပါတီတွေက မေးခွန်းထုတ်

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

Added by MiAmigo
40 Views
ထိုင်းလွှတ်တော်အမတ်တွေနဲ့ ထိုင်းပြည်သူတွေက ထိုင်းအာဏာသိမ်းအစိုးရကို ဝေဖန်တိုက်ခိုက်
၁/၇/၂၀၂၂

ဇွန်လ ၃၀ ရက်နေ့ က မြန်မာစကစလေတပ်က ထိုင်းနိုင်ငံထဲကို ကျူးကျော်ပျံသန်းပြီး မြန်မာ့ဒီမိုကရေစီတော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်ခဲ့တာဟာ ထိုင်းအစိုးရရဲ့ ခွင့်ပြုချက်နဲ့လားဆိုပြီး ထိုင်းလွှတ်တော်အမတ်တွေက ပါလီမန်မှာ မေးခွန်းထုတ်နေပါတယ်။ ထိုင်းနယ်ခြားစောင့်တပ်မှူးကိုယ်တိုင် နေပြည်တော်သွားပြီး နောက်ရက်မှာ ထိုင်းပိုင်နက်ကို ကျုးကျော်ဝင်ရောက်တာဖြစ်လို့ ထိုင်းစစ်တပ်နဲ့ မြန်မာအာဏာသိမ်းစစ်တပ်သဘောတူညီချက်နဲ့ ဝင်လာတာလားဆိုပြီး မေးခွန်းထုတ်နေတာပါ။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း Kasit Piromya ကတော့ အာဏာသိမ်းစကစကို ထိုင်းရဲ့ မိတ်ဆွေဆိုတဲ့အသုံးမသုံးဖို့တုန့်ပြန်ပါတယ်။ မြန်မာစစ်တပ်တိုက်လေယာဥ်ကြောင့် ပျက်စီးမှုတွေ နာကျင်မှုတွေကိုစုံစမ်းပြီး စကစကို လျှော်ကြေးပြန်တောင်းရမယ်လို့ တောင်းဆိုထားပါတယ်။



BNN သတင်းဌာနသည် ဒီမိုကရေစီ နှင့် လူ့အခွင့်အရေးကို အလေးထားပြီး မြန်မာပြည်သူတို့အတွက် သတင်းမှန် များကိုသာ တင်ဆက်ပေးသွား မည်ဖြစ်သည်။
Burma News Network
Category
NORWEGIAN NEWS
Commenting disabled.