ယူကရိန်းသံမဏိစက်ရုံက သံနဲ့သံမဏိတွေကို ရုရှားစစ်တပ်က ခိုးယူနေ

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

Added by MiAmigo
39 Views
မာရီယူလ်ပူသံမဏိစက်ရုံက သံတိုသံစနဲ့ သံမဏိတွေကို ရုရှားစစ်တပ်က ခိုးယူနေ
၃၁/၅/၂၀၂၂
ရုရှားတပ်တွေ သိမ်းပိုက်ထားတဲ့ မာရီယူလ်ပူမြို့ သံမဏီစက်ရုံထဲက သံတိုသံစနဲ့ သံမဏိတွေကို ရုရှားစစ်တပ်က ခိုးယူပြီး ရုရှားကို အရေးပေါ် ပို့ဆောင်နေပါတယ်။

ပူတင်ရဲ့ ကျုးကျော်စစ်စတင်ကတည်းက ယူကရိန်းပြည်သူတွေရဲ့ အိမ်အသုံးအဆာင်ပစည်းတွေကို လုယူသိမ်းဆည်းပြီး ရုရှားကို ပြန်ပို့ခဲ့ကြပါသေးတယ်။ ယူကရိန်းလယ်သမားတွေဆီက လုယူထားတဲ့ ကောက်ပဲသီးနှံ တန်ချိန် ထောင်ပေါင်းများစွာကိုလည်း မာရီယူလ်ပူဆိပ်ကမ်းကနေ အရှေ့အလယ်ပိုင်းဒေသကို တင်ပို့ရောင်းချနေခဲ့တာဖြစ်ပါတယ်။ အခုနောက်ဆုံးအနေနဲ့ မာရီယူလ်ပူသံမဏီစက်ရုံက သံနဲ့ သံမဏိတွေကိုပါတင်ပို့ရောင်းချဖို့ ပြင်ဆင်နေတာလို့သတင်းတွေက ဖေါ်ပြပါတယ်။ ရုရှားအစိုးရအာဘော်သတင်းတွေကတော့ ယူကရိန်းဆိုတာမရှိခဲ့သလို မာရီယူလ်ပူသံမဏိစက်ရုံဟာ ဆိုဗီယက်ခေတ် ရုရှားပိုင်တွေဖြစ်လို့ ပြန်သိမ်းယူတာလို့ ဖေါ်ပြနေပါတယ်။

BNN သတင်းဌာနသည် ဒီမိုကရေစီ နှင့် လူ့အခွင့်အရေးကို အလေးထားပြီး မြန်မာပြည်သူတို့အတွက် သတင်းမှန် များကိုသာ တင်ဆက်ပေးသွား မည်ဖြစ်သည်။
Burma News Network
Category
NORWEGIAN NEWS
Commenting disabled.